Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, July 7, 2013

Designer များအတွက်


Designer တွေအတွက် အထူးသဖြင့် Web Designer တွေတွက်
အသုံးဝင်မဲ့ Background pattern/Texture တွေစိတ်တိုင်းကျ
ထုတ်လို့ရတဲ့ ဆိုဒ်လေးတွေပါ။ 
တခြားကောင်းတဲ့ဆိုဒ်လေးတွေလည်း ထည့်ပေးထားပါတယ်


http://www.stripegenerator.com/

http://stripedbgs.com/

Saturday, July 6, 2013

Android Osဖုန်းတွေထဲကHuawei C8813အတွက် settingချိန်နည်း


Android Osဖုန်းတွေထဲကHuawei C8813အတွက် settingချိန်နည်းလေးတင်ပြလိုပါတယ်




Settingထဲကိုဝင်ပါ

Mobile networksကိုတွေ့ပါလိမ့်မယ်နှိပ်လိုက်ပါ

Access Point Namesကိုထက်နှိပ်ပါ

သုံးထောင့်ပုံMenuကိုနှိပ်လိုက်ပါ

New APNနဲ့Reset to defaultကိုတွေ့လိမ့်မယ်

New APNကိုနှိပ်လိုက်ပါ

Name---------mec

APN----------#777(or)mptnet

Proxy------မထည့်ရပါ

ဘရာဇီးနိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေလွှာလျှော


ဘရာဇီးနိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေလွှာလျှော 
အမြင့် ၄၁မီတာရှိပြီးတော့ အပေါ်ကနေအောက်ကို ကျဖို့အတွက် ၅စက္ကန့်ပဲကြာတဲ့ အရှိန်နဲ့ လျှောစီးနိုင်တယ်လို့ သိရပါတယ်


Insano Water Slide, Brazil !!

This is the world's biggest water slide so called Insano in Brazil. The Insano is the highest water slide in the world measuring 41 meters high, which is equivalent to that of a 14-story building. The riders travel at speeds of 60 mph, which takes you down the entire slide within five seconds.

Saturday, June 29, 2013

Google Play နဲ့ Amazon က ပိုက်ဆံပေးဝယ်ရတဲ့ App တွေကို Free ရယူဖို့ Black Market 2013


Google Play နဲ့ Amazon က ပိုက်ဆံပေးဝယ်ရတဲ့ App တွေကို Free ရယူဖို့ Black Market 2013 
==========================================
Black Market 2013 က Google Play နဲ့ Amazon က Premium App တွေကို Free ရယူနိုင်တယ်လို့ဆိုပါတယ်.. ကျွန်တော်တော့ တစ်ခါမှ မလုပ်ဖူးပါဘူး.. စမ်းသပ်နေတဲ့ မိတ်ဆွေများအတွက်နဲ့ သုံးတတ်တဲ့ မိတ်ဆွေများအတွက် ထွက်ထွက်ခြင်းဘဲ တန်း တင်ပေးလိုက်တာပါ.. တင်ပေးလိုက်တဲ့ rar ဖိုင်ထဲမှာ -

OS နှစ်မျိုး ပြောင်းလဲသုံးစွဲနိုင်မည့် Tabletသစ်Samsung AtivQ




OS နှစ်မျိုး ပြောင်းလဲသုံးစွဲနိုင်မည့် Tabletသစ်Samsung AtivQ (6 photos)
Android နှင့် Windows 8 OS တို့ကြား အပြန်အလှန် ပြောင်းလဲသုံးစွဲနိုင်မည့် တက်ဘလက်သစ်အား နာမည်ကျော် တောင်ကိုရီးယား နည်းပညာကုမ္ပဏီ Samsung မှ မိတ်ဆက် ပေးခဲ့ကြောင်းသိရသည်။

AtivQ ဟု အမည်ပေးထားသည့် Samsung ၏ တက်ဘလက်သစ်မှာ မျက်နှာပြင်အ
ကျယ် ၁၃.၃ လက်မရှိပြီး ကီးဘုတ်ကဲ့သို့ ပြောင်းလဲသုံးစွဲနိုင်သည့် ထောက်တိုင်ပါဝင်ကာ Stylus Pen လည်းပါဝင်သည်။ ယင်းတက်ဘလက်သစ်တွင် Intel မှ အသစ်ထပ်မံထုတ်လုပ်
ထားသည့် Haswell Chip အား အသုံးပြုထားသည့် အတွက် ဘက်ထရီသက်တမ်းကို ကိုးနာရီ
အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း Samsung က ထုတ်ဖော်ပြောကြားထားပြီး မျက်နှာပြင်အား
ဖြင့်လည်းနေရောင်ထဲတွင် ကြည်လင်ပြတ်သားစွာအသုံးပြုနိုင်ရန် ဒီဇိုင်းဆင်ထားသည်ဟုဆို
သည်။

Samsung ၏AtivQ မှာ Microsoft နှင့် Google တို့၏ OS များအကြား အပြန်အလှန်
ပြောင်းလဲသုံးစွဲနိုင်သည့် Asus Transformer Book Trio ပြီးနောက် ဒုတိယမြောက် ထပ်မံထွက်
ပေါ်လာသည့် OS နှစ်မျိုး သုံးတက်ဘလက်ဖြစ်သည်။

လန်ဒန်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Samsungသည် ကမ္ဘာ့အပါးလွှာ
ဆုံးတက်ဘလက်အဖြစ် ကြွေးကျော်ထားသည့် Windows 8 စနစ်သုံး Ativ Tab 3 အားလည်း
မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည့် Samsung ၏ ထုတ်
ကုန် သစ်များတွင် Android စနစ်သုံး Galaxy NX ကင်မရာ၊ Ativ Book 9 Plus, Ativ Book 9
Ultrabook နှင့် Ativ One 5 Style all-in-one touchscreen PC တို့ပါဝင်သည်။

Ref: BBC

====================

Si Thu(TSJ Tech Team)

====================

Google Edition Galaxy S4 နဲ့ HTC One



ဒီနေ့ Google Play Store မှာ Google Edition Galaxy S4 နဲ့ HTC One ကို အော်ဒါ စမှာလို့ရပြီလို့သိရပါတယ်။
Google က ထုတ်တဲ့ ဖုန်းတွေထဲမှာ နောက်ဆုံးထုတ်ထားတဲ့ Nexus 4 ကတော့ တော်တော် လဲ နံမည်ကြီးခဲ့ပါတယ် …
ခုတစ်ခါ Nexus brand မဟုတ်တော့ပဲနဲ့ Samsung ရဲ့ Galaxy S4 နဲ့ HTC ရဲ့ HTC One ကို ပဲယူပြီ:တော့ Google Edition phone တွေအဖြစ်ထုတ်လိုက်ပါတယ် …

တရားဂုဏ်တော် ၆ ပါး ( The Six Supreme Qualities Dhamma )



တရားဂုဏ်တော် ၆ ပါး ( The Six Supreme Qualities Dhamma )

http://buddhismbeams.blogspot.com/

၁။ သွာက္ခာတော ( Svākkhāto = Well-Proclaimed by the Blessed One )
= ဘုရားမြတ်စွာ ဟောညွန်ပြတဲ. အမှန်မြတ်တဲ. ဂုဏ်တော်

၂။ သန္ဒိဋ္ဌိကော ( Sandiṭṭhiko = be able to directly experienced by oneself )
= ကိုယ်တိုင်ကျင်.ရင် ကိုယ်တိုင်သိရတဲ. သန္ဒိဋ္ဌိကော ဂုဏ်တော်

၃။ အကာလိကော ( Akāliko = gives immediate result here and now )
= ချက်ချင်းအမြန် အကျိုးရလို. အကာလိက ဂုဏ်တော်

Sunday, June 23, 2013

ဘက်စုံသုံး နေကာမျက်မှန်



ဟောင်ကောင်နိုင်ငံက ထုတ်လုပ်ဖန်တီးထားတဲ့ နည်းပညာမြင့်
နေကာမျက်မှန်ပါ။သာမှန်နေကာမျက်မှန်လို ပုံစံမပျက်တည်ဆောက်ထားပြီး သီးချင်းနားထောင်နိုင်ရန် MP-3,Video Recorder,Camera စတာတွေပါဝင်ပါတယ်၊

Memory 4GB အမျိုးစားဖြစ်ပြီး 500Ma Li-battery အမျိုးစားကိုသုံးပြုထားပါတယ်၊ဗီဒီယိုရုပ်ထွက်ကောင်းမွန်စေရန် Resolution 640 x 480 ပါရှိပြီး ကင်မရာ 1.3 Mega pixel အသုံးပြုနိုင်ပါတယ်။

ဘာကြောင့် တောင်ဝင်ရိုးစွန်းက မြောက်ဝင်ရိုးစွန်းထက် ပိုအေးသလဲ


ဘာကြောင့် တောင်ဝင်ရိုးစွန်းက မြောက်ဝင်ရိုးစွန်းထက် ပိုအေးသလဲ

တောင်ဝင်ရိုးစွန်းက ပင်လယ်ပြင်ထက်မှာပေါ်ထွက်နေတဲ့ ကမ္ဘာအကြီးဆုံး ကုန်းပြင်မြင့်ဖြစ်တယ်။ ပင်လယ်ရေမျက်နှာပြင် ပျှမ်းမျှအမြင့်၂၃၅ဝမီတာမှာရှိပြီး
နေရာ၅၅%ခန့်က ပင်လယ်ရေမျက်နှာပြင် ၂ဝဝဝမီတာအမြင့်မှာ ရှိတယ်။ အမြင့်ဆုံးတောင်ဖြစ်တဲ့ Vinson Massif က ပင်လယ်ရေမျက်နှာပြင်
၅၁၄ဝမီတာမှာရှိတယ်။ ကုန်းပြင်မြင့်လေ ရာသီဥတုအပူချိန်နိမ့်လေဖြစ်တယ်။

မြောက်ဝင်းရိုးစွန်းဒေသက များသောအားဖြင့် ပင်လယ်ရေမျက်နှာပြင်ဖြစ်ပြီး ကုန်းမြေနည်းပါးတယ်။ ပင်လယ်ရေမျက်နှာပြင်လည်း နိမ့်ပြီး ဆောင်းရာသီမှာ တိမ်ထူထပ်တယ်။ တိမ်များရင် နွေးထွေးတဲ့အပူဓာတ်ကို ဖြစ်စေတယ်။

တောင်ဝင်ရိုးစွန်းမှာ အနွေးဆုံးအချိန်အခါက ဇန်နဝါရီလဖြစ်ပြီး ပျမ်းမျှအပူချိန် _ ၃၂.၆ံCမှာရှိတယ်။ အအေးဆုံးအချိန်က ဂျုလိုင်လဖြစ်ပြီး ပျှမ်းမျှအပူချိန် _၆၈.၃ံC
မှာရှိတယ်။

မြောက်ဝင်းရိုးစွန်းမှာ အနွေးဆုံးအချိန်က ဂျုလိုင်လဖြစ်ပြီး ပျမ်းမျှအပူချိန် _ ၁ံCမှာရှိတယ်။ အအေးဆုံးအချိန်က ဖေဖော်ဝါရီလဖြစ်ပြီး ပျှမ်းမျှအပူချိန် _၃၆ံC ခန့်မှာရှိတယ်။
.

ကမ္ဘာ့ပထမဆုံး ထိတွေ့မျက်နှာပြင်ပါဝင်သော Router


ကမ္ဘာ့ပထမဆုံး ထိတွေ့မျက်နှာပြင်ပါဝင်သော Router

Router မှာ ထိတွေ့မျက်နှာပြင် (touch screen) အသုံးပြုမှုဟာ တကယ် ပထမဆုံး ဖြစ်ပါတယ်။

အမေရိကန်မှ Securifi အမည်ရ ဟာ့ဒ်ဝဲ ကုမ္ပဏီက ထုတ်လုပ်တာပါ။ အခြားသော ကုမ္ပဏီအမှတ်တံဆိပ် Router နဲ့ Networking Device များနှင့် လည်း Compact ဖြစ်ပါတယ်။ ကြိုးမဲ့ Router အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။

touch screen မျက်နှာပြင်မှာတင် Wireless, Security, Range Extender နဲ့အခြားသော function များကို PC နဲ့ချိတ်စရာမလိုပဲ တစ်ခါတည်း Setting ဝင်ပြင်လို့ရပါတယ်။ Network ထပ်ချဲ့ ပေးမယ့် Range Extender (Repeater) လိုမျိုးလည်း အသုံးပြုလို့ရပါတယ်။ Wireless speed 300 Mbps အထိ ထုတ်ပေးနိုင်ပါတယ်။ Security အတွက်လည်း သေချာ လုပ်ပေး ထားပါတယ်။ Password, SSID အားလုံးကို စက်ရုံမှ ထုတ်ကတည်းက သေချာ setting လုပ်ထားပေးပြီး Google ရဲ့  Location Tracking Database မှာ record အလုပ်မခံရအောင် ကာကွယ် ပေးနိုင်ပါတယ်။

ဈေးလည်း သက်သာပါတယ်။ အမေရိကန်ဒေါ်လာ ၇၉ ဒေါ်လာ ဝန်းကျင်သာ ရှိပြီး အသေးစိတ် အချက်အလက်ကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
http://amzn.to/11xbqKe

Aung Kham (TSJ team)

.
http://blog.techspace.com.mm/2013/06/router.html

အနာဂတ် ဖောက်ထွင်းမြင်ရမည့် ကိုယ်ပျောက်ကား


အနာဂတ် ဖောက်ထွင်းမြင်ရမည့် ကိုယ်ပျောက်ကား

မာစီးဒီးကား အမျိုးစားဖြစ်တဲ့Mercedes Benz ကိုပြုလုပ်ဖန်တီးထားတာပါ၊ကားရဲ့ တစ်ဖက်တစ်ချပ်စီမှာ ကင်မရာတွေ တပ်ဆင်ပေးထားပြီး ပတ်ဝန်းကျင် ပုံရိပ်တွေကို ဆန့်ကျင်ဘက်အနေထား
အတိုင်း ပေါ်လွင်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ပုံရိပ်တွေကို ကြည်လင်ပျက်သားစွာမြင်နိုင်ဖို့အတွက် အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ LEDဖန်သားပြင်ကိုကားတစ်စီးလုံး ဖုံးအုပ်တပ်ဆင်ဖန်တီးထားပါတယ်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်



၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော် ဇွန် ၂၃

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါးအား ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှု မရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံ ဖြစ် သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသော်လည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများ ဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဌာန်းထားသည်။

Sunday, April 21, 2013

"HTC One အကြောင်းပြောရအောင်"

"HTC One အကြောင်းပြောရအောင်"

ငွေရောင်တောက်ပနေတဲ့ အလျူမီနီယံ ကိုယ်ထည် ၊ မိမိနှစ်သက်ရာ ကဏ္ဍတွေ ထည့်ထားတဲ့
Live Home Screen ၊ ကိုယ့်ဘ၀ရဲ့ အမှတ်တရ ဓာတ်ပုံ မှတ်တမ်း ၊ အသံကြည်လင်ပြတ်သားတဲ့ အပေါ်နဲ့ အောက် စပီကာ .. စတာတွေ နဲ့  HTC One ဖုန်းအသစ်လေးဟာ သင့်ဘ၀အတွက် ကောင်းမွန်တဲ့ စမတ်ဖုန်း တစ်လုံး အဖြစ် အတွေ့ အကြုံ အသစ်တွေ ပေးဖို့ လာပါပြီ ။

iPhone ကိုထိုးဖောက်မြင် ပလက်စတစ်နှင့် တွေ့မြင်နိုင်ချေ



iPhone ကိုထိုးဖောက်မြင် ပလက်စတစ်နှင့် တွေ့မြင်နိုင်ချေ

ဒီဇိုင်နာ Nickolay Lamm က စိတ်ကူးယာဉ်ဖန်တီးထားတာလေး သာ ဖြစ်ပါတယ်။ Apple က ဖန်တီးတာ မဟုတ်ပါဘူး။

iPhone ရဲ့  နောက်ဘက် အတွင်းပစ္စည်းများ မြင်နေရအောင် ပလပ် စတစ် shell အသုံးပြုထားမှုကို ယခုလို မြင်တွေ့ရပါတယ်။ ၁၉၉၈ ခုနှစ် iMac ကွန်ပြူတာတုန်းက ဒီဇိုင်းလို ဖြစ်ပါတယ်။ စိမ်းပြာရောင် (Bondi blue) ပလပ်စတစ်အခွံနဲ့ Apple ဟာ သူ့ရဲ့  ထူးထူးခြားခြား လှပသော iMac ကို ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။

ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..



ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..

Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး
Cabbage - ဂေါ်ဖီထုပ်ဖြူ
Asparagus - ကညွတ်
Spinach - ဟင်းနုနွယ်
Egg plant / Aubergine - ခရမ်းသီး
Bamboo shoot - မျှစ်
Bean curds - ပဲပြား

"ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့် ဘုရားဟူသည်"


"ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့် ဘုရားဟူသည်"
***************************************

ဘုရားဟူသည် လူစင်စစ်ကသာဖြစ်ရပါသည်။ လူမဟုတ်သော ၊ လူနှင့်မထိတွေ့နိုင်သော လူတို့မမြင်ခဲ့ရသော ကောင်းကင်ဘုံက ဖန်ဆင်းရှင်ဘုရားဟူသော လူတစ်ဦးတစ်ယောက်၏ ပြောစကားဖြင့် မှန်းဆရသော (Imaginary)၊အရာသည် ဘုရားမဟုတ်ပေ။ (Unscientific)ကျနသေချာမှုမရှိသော သိပ္ပံနည်းမကျသော လက်တွေ့မကျသော လူပြောသူပြောဖြင့် ဘုရားဟူ၍ မှန်းဆရခြင်းသည်လည်း ဘုရားမဟုတ်ချေ။ နတ်၊ ဗြဟ္မာ တို့သည်လည်း ဘုရားမဟုတ်။ နဂါး စသည့်တိရစ္ဆာန်တို့သည်လည်း ဘုရားမဖြစ်နိုင်ချေ။

Saturday, April 20, 2013

ဆယ်စုနှစ်အတွင်း သြဇာကတ္တိမအရှိဆုံးအဖြစ် ဒေါ်အောင်ဆန်းဆုကြည်

ဆယ်စုနှစ်အတွင်း သြဇာကတ္တိမအရှိဆုံးအဖြစ် ၂ဝ၁၃အတွက် အင်တာနက်မှ မဲပေးရွေးချယ်မှု အဆုံးသတ်သွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မဲပေးသူစုစုပေါင်းရဲ့ ၆၁%၊ ပေါ့ပ်အဆိုတော် လေဒီဂါဂါက ၃၉%နဲ့ စာရင်းပိတ်သွားတာဖြစ်ပြီး အပြီးသတ် ရလဒ်အဖြေကို မကြာခင် ထုတ်ပြန်မည်လို့ ကြေညာခဲ့ပါတယ်။

ထေရဝါဒ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ...?



ထေရဝါဒ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ...?

ထေရ၀ါဒ နှင့်မဟာယနဟူ၍ယနေ့ကမ္ဘာတွင်ဗုဒ္ဓဘာသာဆိုင်ရာအဓိကဂိုဏ်း နှစ်ဂိုဏ်းရှိပါသည်။ ရှေးလွန်လေပြီးသော အချိန်ကမူ အခြားသော ဂိုဏ်းများလဲ အများအပြား ရှိခဲ့ကြပါသည်။ သို့သော် ထိုဂိုဏ်းနှစ်ဂိုဏ်းသည်သာလျှင် အိန္ဒိယနိုင်ငံ ပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်း ပျံ့နှံ့ခြင်းဖြင့် ယနေ့ခေတ် ကာလထိအောင် ရှင်သန်လာ၏။

((( သွေး )))

Photo: ((( သွေး )))

လူမျိုးကဗမာ
ကိုးကွယ်တာဗုဒ္ဓ
အဆုံးအမတရားလဲရှိတယ်
... ဂါရဝတရားလဲရှိတယ်
လေးစားသမှုလဲပြုတယ်
ယဉ်ကျေးတယ်ဖော်ရွေတယ်
ကျုပ်လူမျိုးကိုကျုပ်ချစ်တယ်
ကျုပ်ဘာသာကိုကျုပ်မြတ်နိုးတယ်
အားနာတတ်လို့ရပါတယ်ထင်ပြီး
အကြံအမှားနဲ့ရန်စော်ကားလို့
ကျုပ်အမျိုးနဲ့ဘာသာကိုထိ
မီးဟုန်းဟုန်းပွင့်ထွက်သည်အထိ
တိုက်ပွဲဝင်သွားမယ်
နွယ်သာကီဇာနည်ဘွား
သွေးကတော့ရဲလားမေးနဲ့
တစ်ဗိုလ်ကျရင်တစ်ဗိုလ်တက်
အရိုးအထပ်ထပ်ပုံပါစေ
ဒါတို့ပြေ ဒါတို့မြေ...။။


(( Win Thu Win ))
((( သွေး )))

လူမျိုးကဗမာ
ကိုးကွယ်တာဗုဒ္ဓ
အဆုံးအမတရားလဲရှိတယ်
... ဂါရဝတရားလဲရှိတယ်
လေးစားသမှုလဲပြုတယ်
ယဉ်ကျေးတယ်ဖော်ရွေတယ်
ကျုပ်လူမျိုးကိုကျုပ်ချစ်တယ်
ကျုပ်ဘာသာကိုကျုပ်မြတ်နိုးတယ်
အားနာတတ်လို့ရပါတယ်ထင်ပြီး
အကြံအမှားနဲ့ရန်စော်ကားလို့
ကျုပ်အမျိုးနဲ့ဘာသာကိုထိ
မီးဟုန်းဟုန်းပွင့်ထွက်သည်အထိ

ခန္ဓာကိုယ်အစိတ်အပိုင်းများကို အင်္ဂလိပ်လိုမှတ်သားခြင်း


 
 
 
ခန္ဓာကိုယ်အစိတ်အပိုင်းများကို အင်္ဂလိပ်လိုမှတ်သားခြင်း

အင်္ဂလိပ်စာ သင်ခန်းစာလေးပါ။ သိပ်တော့ မခက်ပါဘူး။ တော်တော် များများ သိကြမှာပါ။ သို့ပေမယ့် ပြောပါဆို ရင် ရုတ်တရက် ပြော လို့ခက်မယ့် ဝေါဟာရများ ဖြစ်ပါတယ်။

ဆေးပညာ၊ ရုပ်က္ခဗေဒအပြင်၊ ကိုယ်ဟန်အက သင်ကြားမှုမှာပါ အသုံးဝင်မယ့် ဝေါဟာရများ ဖြစ်ပါတယ်။ ကိုယ်တိုင် ဝါကျ တစ်ခုစီ ဆက်ကြည့်စေချင်ပါတယ်။ ဥပမာ Put your knee down. အစရှိသဖြင့် Command Sentence ဖြစ်ဖြစ်၊ ရိုးရိုး ဝါကျ ဖြစ်ဖြစ် ကိုယ်တိုင် ဆက်လို့ ပြောကြည့် ရေးကြည့်ခြင်းဖြင့် အင်္ဂလိပ်စာ အရည် အချင်းတိုးတက် စေမှာပါ။
THIS IS FEATURED POST 1 TITLE

THIS IS FEATURED POST 1 TITLE

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam

Quas molestias excepturi
THIS IS FEATURED POST 2 TITLE

THIS IS FEATURED POST 2 TITLE

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam

Impedit quo minus id
THIS IS FEATURED POST 3 TITLE

THIS IS FEATURED POST 3 TITLE

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam

Voluptates repudiandae kon
THIS IS FEATURED POST 4 TITLE

THIS IS FEATURED POST 4 TITLE

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam

Mauris euismod rhoncus tortor