Tuesday, October 23, 2012

Amazon Kindle Fire HD


Amazon ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Kindle Fire Tablet စီးရီး
များထဲမှာ လူစိတ်ဝင်စားမှုအများဆုံးနဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးလို့ ပြော
ရမှာက Kindle Fire HD ပဲဖြစ်ပါတယ်။ စာဖတ်ရုံတင်မက ၊ရုပ်ရှင်ကြည့်ရှု
...
ခြင်း ၊သီချင်းနားထောင်ခြင်း၊ အင်တာနက် အသုံးပြုရမြန်ဆန်ခြင်း အစရှိ
သည်တို့အပြင် စံချိန်တင် တာရှည်ခံသည့် ဘက်ထရီစွမ်းရည်များကလည်း
Kindle Fire HD အား Apple ၏ iPad နှင့် ယှဉ်ပြိုင်နိုင်မည့် အကောင်းဆုံး
Tablet အဖြစ် သတ်မှတ်ခံထား ရတဲ့အချက်တွေပဲဖြစ်ပါတယ်။

စွမ်းအားမြင့် မျက်နှာပြင်အရည်အသွေး
===================
ယခုအချိန်မှာ HD မျက်နှာပြင် တွေက ခေတ်စားလာနေကြပြီး Amazonကလည်း ၄င်းရဲ့ Tablet အတွင်း စွမ်းအားအမြင့်ဆုံး မှန်သားပြင်
ကို အသုံး ပြုဖို့ မမေ့လျော့ခဲ့ပါဘူး။၇ လက်မ အရွယ်အစား သာရှိတယ် ဆို
ပေမယ့် မျက်နှာပြင် က HD အရည်အသွေး ရရှိပြီး Resolution က လည်း
အံ့အားသင့်ဖွယ် 1280x800 pixels ရှိတာကြောင့် iPad ရဲ့ Retina Displayကို အကောင်းဆုံးယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ပညာရှင်များကဆိုထား
ပါတယ်။

မှန်သားပြင်တောက်ပမှုကိုလျှော့ချထားခြင်း
=====================
များသောအားဖြင့် Tablet အများစုရဲ့မျက်နှာပြင်ကို မှန်သားနှစ်ခုနဲ့ ပြု
လုပ်ထားခြင်းဖြစ်ပါတယ်။ ပထမတစ်ခုကတော့ LCD Panelဖြစ်ပြီး ဒုတိယ
တစ်ခုကတော့ Touch Sensor ဖြစ်ပါတယ်။ ၄င်းတို့နှစ်ခုကြားမှာတော့
လေထွက်ပေါက်တစ်ခုရှိပြီး အဆိုပါ လေထွက်ပေါက်ကနေ အလင်းရောင်က
Touch Sensor ကိုဖြတ်သန်းပြီး LCD Panelကို ပုံရိပ်တန်ပြန်ရိုက်စေခြင်း
ဖြစ်ပါတယ်။ Amazonကတော့ Touch Sensorအလွှာကို ခွဲခြားထားခြင်း
ဖြင့် မျက်နှာပြင်ကို အလွန် အကျွံအလင်း ၀င်စေခြင်းမှကာကွယ်ထားပါတယ်
Tablet များအားလုံးကြားထဲမှာ Kindle Fire ရဲ့ မှန်သားပြန်မှေးမှိန်မှုက
လည်း လူကြိုက်များမှုထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

ထူးခြားသော HD Processor
===============
မျက်နှာပြင် အရည်အသွေးက HD ဖြစ်နေတာကြောင့် ထို အရည်အသွေး
ိကိုအဓိက မောင်းနှင်ဖို့အတွက် အလွန်စွမ်းအားမြင့်တဲ့ Processorနဲ့ဆန်း
သစ်တဲ့ Sofware များလိုအပ်တာအ မှန်ပါပဲ။Kindle Fire HD အတွင်းမှာ
1.2 GHz Dual-Core Processor ကို အသုံးပြုထားပြီး Graphics ပိုင်းမှာ
လည်း Power VR 3D ကို အသုံးပြုထားတဲ့အတွက် HDဂိမ်းများကို စိုးရိမ်
ကြောင့်ကျမှုမရှိပဲ ကစားနိုင်ပြီး Touch စနစ်ကိုလည်း မြန်ဆန် ချောမွေ့စေ
မှာဖြစ်ပါတယ်။

သိုမှီးပမာဏ
=======
Amazon Kindle Fire HD ရဲ့သိုမှီးပမာဏက 16GB Version နဲ့ 32
GB Version ရှိပြီးထူးခြားချက်အနေနဲ့ကတော့ Tablet ကContent မှန်
သမျှကို သိမ်းဆည်းဖို့အတွက် Amazonကနေ Unlimited Cloud Storageကိုပေးအပ်ထားတာပါပဲ။


အမြန်ဆုံးWi-Fi Tablet
============
အင်တာနက်ကြည့်ရှုတဲ့အချိန် Bandwidthကအဓိကကျပါတယ်။ Bandwidth သာမကောင်းဘူးဆိုရင်တော့ Online ကနေ Videoကြည့ှ်ရှု
ခြင်း ၊Download လုပ်ခြင်းတို့မှာ နှေးကွေးနေမှာဖြစ်ပါတယ်။ ထို့အပြင်
ယခု Kindle Fire HDက ဘယ်Tabletကမှ အသုံးမပြုထားတဲ့ Dual-Antenna ကို အသုံးပြုထားတဲ့အတွက် Dual-Band Wi-Fi ကိုရရှိမှာ
ဖြစ်ပြီး ယခင် Kindle Fire များထက် Wi-Fi မြန်နှုန်းက 40% ပိုမိုမြန်ဆန်
တယ်လို့သိရပါတယ်။

ဘက်ထရီသက်တမ်း
==========
Kindle Fire HD ကစွမ်းဆောင်ရည်မြင့်မားစေရန် ပြုလုပ်ထားသလို
ဘက်ထရီသက်တမ်းကုန်ဆုံးမှုကိုလည်း လျော့ပါးဖို့ပြုလုပ်ထားပါတယ်။Kindle Fire HD ကနေ ရုပ်ရှင်ကြည့်ခြင်း ၊စာဖတ်ခြင်း၊ဂိမ်းကစား၊ခြင်း၊သီချင်းနား
ထောင်ခြင်း အစရှိတာတွေကို 11နာရီကြာဆက်တိုက်ပြုလုပ်နိုင်ပါလိမ့်မယ်
Tablet တစ်ခုလုံးအားပြည့်ဖို့အတွက်ဆိုရင်တော့4နာရီသာကြာမြင့်တယ်
လို့သိရပါတယ်။

အခြားFeaturesများ
===========
Kindle Fire HD အတွင်းBluetooth လည်းတစ်ခါတည်းပါဝင်လာမှာ
ဖြစ်ပြီး HDMI output လည်းပါဝင်တဲ့အတွက် အရည်အသွေးမြင့်တဲ့ HDMI
Displayများနဲ့တွဲဖက်အသုံးပြုနိုင်ပါလိမ့်မယ်။


ဈေးနှုန်း -၂၃၇၁၀၀ကျပ်
ရရှိနိုင်မည့်နေရာ -Technoland (09 73024327)


================
CPU 1.2GHz Dual-Core
Display 7 inches HD Display
Resolution 1280x800 pixels
Storage 16G,32G
Camera Front Facing Camera(HD)
Connectivity WiFi Dual Band
Batter Live 11 Hr

================

TSJ Tech Team

No comments:

Post a Comment