ပွင့်တော်မူပြီးသော နောင်တော် ကကုသန်ဘုရား၏ တောင်ဝှေးတော်၊ ကောဏဂုံဘုရား၏ ဓမ္မကရိုဏ် ရေစစ်တော်၊ ကဿပဘုရား၏ ရေသနုပ်တော်တို့ ဌာပနာထားရှိရာ သိင်္ဂုတ္တရကုန်းတော်ပေါ်၌ ဆံတော်ရှစ်ဆူကို ဌာပနာကာ ဘုရားစေတီတည်ပြီး ကိုးကွယ်ဆည်းကပ်စေရန် ဗျာဒိတ်ပေးတော်မူ၏။ ၃။ ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်သောနှစ် (၂၆၀၁) ခုနှစ် ရာမညတိုင်း ဥက္ကလာပမင်းကြီးနှင့် ပြည်သူအပေါင်းတို့သည် (ယခု) ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှာ ဆံတော်ရှစ်ဆူအား မြတ်စွာဘုရားရှင် ကြွလာသည့်အလား ကြိုဆိုပူဇော်ခဲ့ကြ၏။ ဥက္ကလာပမင်းကြီးနှင့် ကုန်သည်ညီနောင်တို့သည် ဘုရားဗျာဒိတ်တော်အရ သိင်္ဂုတ္တရကုန်းတော်ကို ရှာဖွေမတွေ့ကြဘဲ ဖြစ်နေ၏။ နောက်ဆုံး အသက်ရှည်သော နတ်မင်းကြီးငါးပါး (မှော်ဘီနတ်မင်းကြီး အပါအ၀င်)တို့၏ အကူအညီဖြင့် တောင်ကုန်း (၉)ကုန်း(တချို့မှာ (၉၉)ကုန်း)အရံရှိသော အမြင့်ဆုံး သိဂုင်္တ္တရကုန်းတော်ကို တွေ့ရှိသွားကြ၏။ ဘုရားဗျာဒိတ်တော်အရ ဆံတော်ရှစ်ဆူအပါအ၀င် ဘုရားလေးဆူ၏ မွေတော်(၄)ဆူ တို့ကို ဌာပနာကာ ဥာဏ်တော်(၄၄)တောင် (၆၆ပေ)အမြင့်ရှိ ရွှေတိဂုံစေတီတော်ကို မဟာသက္ကရာဇ်(၁၀၃)ခု၊ တပေါင်းလပြည့်နေ့မှာ တည်ထားကိုးကွယ်ခဲ့ကြ၏။ ဤသို့ဖြင့် ဘုရင်မင်းမြတ်အဆက်ဆက် ပြုပြင်မွမ်းမံထိန်းသိမ်းစောင့်ရှောက် ကိုးကွယ်လာခဲ့ကြရာ ယခု ဖူးမြော်နေရသည့် အမြင့် (၃၂၆)ပေ ရွှေလုံးတော် စေတီတော်ကြီး ဖြစ်ပေါ်လာခဲ့သည်။ ကြားကာလတွေမှာ မြေငလျင်လှုပ်ခြင်း၊ စစ်ဘေးစစ်ဒဏ်၊ ကိုးကွယ်မှု လျော့ပါးခြင်းကြောင့် ခြုံနွယ်များ ပိတ်ပိန်းနေခြင်းစသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကျရောက်ခဲ့သော်လည်း ဘုရင်မင်းမြတ်တို့နှင့် ပြည်သူအပေါင်းတို့က ပြုပြင်ထိန်းသိမ်း စောင့်ရှောက် ပူဇော်ခဲ့ကြလေသည်။ စစ်ပြီးခေတ် မြန်မာနိုင်ငံတော်အစိုးရအဆက်ဆက်လက်ထက်မှာ ပြုပြင်မွမ်းမံလာခဲ့ရာ ယခု (၁၃၇၄)ခု၊ တပေါင်းလပြည့်နေ့၊ ဟ ခရစ်နှစ် (၂၀၁၃) ခု၊ မတ်လ (၂၆)မှာ ] ရွှေတိဂုံစေတီတော်ကြီးသည် (၂၆၀၁)ခုနှစ်သို့ ရောက်ရှိတော့မည် ဖြစ်ပါသည်။ ၄။ ဓမ္မစကြာ (၂၆၀၁)ခုနှစ် (၁၃၇၄)ခု ၀ါဆိုလပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ "ဓမ္မစကြာတရားတော် ဟောတော်မူသောနှစ် (၂၆၀၁)ခုနှစ်" သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါး စတင်ပေါ်ထွန်းချိန် (၂၆၀၁)ခုနှစ်သို့ စတင်ရောက်ရှိလာပြီ ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဟောတော်မူစဉ်က တစ်ရက်တစ်ပါးစီ သောတာပန် ဖြစ်တော်မူကြ၏။ ပထမနေ့ညမှာ အရှင်ကောဏ္ဍညနှင့် ဗြဟ္မာပေါင်း(၁၈)ကုဋေ သောတာပတ္တိ မဂ်ဖိုလ်သို့ ဆိုက်တော်မူကြ၏။ နောက်တစ်နေ့ ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့မှာ အရှင်ဝပ္ပမထေရ်ကို အဆုံးအမသြ၀ါဒပေးတော် မူလျက် (ဆွမ်းခံမကြဘဲ) ကျောင်း၌သာလျှင် နေတော်မူစေ၏။
ကျန်ရဟန်း(၄)ပါးတို့ ဆွမ်းခံထွက်ကြ၏။ ၀ပ္ပမထေရ်သည် ထိုနေ့နံနက်ခင်းမှာပင် သောတာပန် ဖြစ်တော်မူ၏။ ထိုနည်းအတူ ၀ါဆိုလပြည့်ကျော်(၂)ရက်နေ့မှာ အရှင်ဘဒ္ဒိယမထေရ်၊ ၀ါဆိုလပြည့်ကျော်(၃)ရက်နေ့မှာ အရှင်မဟာနာမ မထေရ်၊ ၀ါဆိုလပြည့်ကျော်(၄)ရက်နေ့မှာ အရှင်အဿဇိမထေရ် တို့သည် အသီးသီး သောတာပန် ဖြစ်တော်မူကြကာ မြတ်စွာဘုရားရှင်ထံ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ခံယူတော်မူကြ၏။ ၅။ ရဟန္တာ ပေါ်ထွန်းချိန် (၂၆၀၁)ခုနှစ် "အနတ္တလက္ခဏသုတ္တန်"ဟောတော်မူရာ ဓမ္မေခစေတီတော် မြတ်စွာဘုရားရှင်သည် ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့မှာ ပဉ္စ၀ဂ္ဂီရဟန်း(၅)ပါးအား အာသဝေါတရား ကုန်ခန်းပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိကြစေရန် "အနတ္တလက္ခဏသုတ္တန်"ကို ဟောကြားတော်မူ၏။ အနတ္တလက္ခဏသုတ္တန်ဒေသနာ နိဂုံးပြီးဆုံးသောအခါမှာ ပဉ္စ၀ဂ္ဂီရဟန်း(၅)ပါးတို့သည် အာသဝေါကုန်ခန်းကာ ရဟန္တာဖြစ်ကြကုန်၏။
၎င်းင်းဝါဆိုလပြည့်ကျော်(၅)ရက်နေ့မှ အစပြုကာ ရဟန္တာပေါင်း သိန်းသန်းကုဋေချီပြီး ပေါ်ထွန်းတော် မူလာခဲ့ရာ (၁၃၇၄)ခု ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့အထိသည် (၂၆၀၀)နှစ်ပြည့်၍ (၂၆၀၁)ခုနှစ်သို့ စတင် ရောက်ရှိလာပေပြီ။ ဂေါတမမြတ်စွာဘုရားရှင်၏ သာသနာတော်မကွယ်ပျောက်မချင်း ရဟန္တာများ မဆိတ်သုဉ်းဘဲ ဆက်လက် ပေါ်ထွန်းနေဦးမည် ဖြစ်ပေတော့သတည်း။ ၆။ ဗုဒ္ဓအဘိဓမ္မာ (၂၆၀၀)ပြည့်မြောက် နောက်(၆)နှစ်မြောက် ခရစ်နှစ် (၂၀၁၇)ခု၊ (၁၃၇၉)ခု ၀ါဆိုလပြည့်မှ စ၍ သီတင်းကျွတ်လပြည့်နေ့ အထိသည် တာဝတိံသာနတ်ပြည်မှာ ပဋ္ဌာန်းတရားတော် အပါအ၀င် အဘိဓမ္မာတရားတော်ကို ရက်ပေါင်း(၉၀)လုံး တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်မခြားဘဲ ဟောကြားတော်မူသောနှစ် "ဗုဒ္ဓအဘိဓမ္မာ (၂၆၀၀) ပြည့်နှစ်" ကို စတင်ရောက်ရှိလာမည်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တိုင်း ၎င်းင်းပူဇော်ပွဲကို ကျင်းပရန် ကြိုးစားနိုင်ဖို့ နိဗ္ဗာန်အကျိုးမျှော်၍ ကြိုတင်ကာ နှိုးဆော်အပ်ပါသည်။
ထပ်မံပြောရလျှင် ကျွန်ုပ်တို့၏ ဂေါတမ မြတ်စွာဘုရားရှင် ဗုဒ္ဓ၀င် ဖြစ်တော်စဉ် အားလုံးသည် (၂၆၀၀)ပြည့်မှ (၂၆၀၁)ခုနှစ်သို့ တန်းစီပြီး ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဗုဒ္ဓါနုဿတိ ပွားများနိုင်ပါစေခြင်း အကျိုးငှာ မဟာကုသိုလ်တော် အမျှပေးဝေအပ်ပါသည်ခင်ဗျား။ (မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ၏ မဟာဗုဒ္ဓ၀င် ဒုတိယတွဲ ကျမ်းစာအုပ်ကို မှီငြမ်းပါသည်။) credit : SSခင်မောင်အေး(သခ်ာၤ)
No comments:
Post a Comment