Sunday, October 28, 2012

ရှေးခေတ်လူသားများ သစ်ပင်ပေါ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြောင်း သိပ္ပံပညာရှင်များလေ့လာတွေ့ရှိ


အရှေ့အာဖရိကတွင် လွန်ခဲ့သော နှစ်သန်းပေါင်း ၃ ဒသမ ၃ သက်တမ်း ခန့်က သေဆုံးခဲ့သည့် သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး၏ ကျောက်ဖြစ်ရုပ် ကြွင်းအရိုးစုများကိ...
ု သိပ္ပံပညာ ရှင်များ လေ့လာဆန်းစစ်မှုများပြုလုပ် ခဲ့ရာ ၄င်းတို့ယူဆချက်များက လူသား များသည် ယခင်က သိပ္ပံပညာရှင်များ ထင်မှတ်ယူဆထားသည်ထက် သစ်ပင် များအပေါ်တွင် ပိုမိုကြာမြင့်စွာနေ ထိုင်ခဲ့ သည်ဆိုသောအချက်ကို လေ့လာတွေ့ ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ် ရပ်တွင် ဖော်ပြထားသည်။

အဆိုပါသုံးနှစ်အရွယ် မိန်းကလေး တစ်ဦး၏ လက်ပြင်ရိုးကျောက်ဖြစ်ရုပ် ကြွင်းအရိုးစုများကို အီသီယိုးပီးယား နိုင်ငံဒီကီကာမြို့တွင် တူးဖော်ရ ရှိခဲ့ခြင်းဖြစ်ပြီး ၄င်းအရိုးစုများကို ကြည့်ခြင်း အားဖြင့် သူမနှင့် သူမ၏ မိသားစု သည် သစ်ပင်အထက်တွင် နေထိုင်ကြသူများ ဖြစ်နိုင်သည်ဟု ယူဆရကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ထို့ပြင် ၁၉၇၄ ခုနှစ်က ရှာဖွေတွေ့ရှိ ခဲ့သော နှစ်သန်းပေါင်း ၃ ဒသမ ၂ သက်တမ်းရှိသည့် အခြားအရိုးစုမှာ ယခုတူးဖော်တွေ့ရှိခဲ့သည့် အရိုးစုနှင့် အမျိုးတူပင်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

အဆိုပါကျောက် ဖြစ်ရုပ်ကြွင်းများမှ တွေ့ရှိရသောသက် သေအထောက် အထားများအရ လူသား များသည် သစ်ပင်များအထက်တွင်ပညာ ရှင်များ ယူဆထားသည်ထက် ပိုမိုကြာ မြင့်စွာနေထိုင်ခဲ့ကြသည်ကို လေ့လာ တွေ့ရှိ ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ် အနောက် အလယ်ပိုင်း တက္ကသိုလ်မှ သုတေသန ပညာရှင် ပါမောက္ခဒေးဗစ်ဂရင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment