Tuesday, October 23, 2012

Window 8 အတွက်အသင့်ပြင်ခြင်း


Windows 8 အတွက် အသင့်ပြင်ခြင်း
===================

ယနေ့ထုတ် Tech Space Journal Issue 31
ဆရာကြီးဦးသောင်းဝင်း(ပန်းချယ်ရီ) ၏ ဆောင်းပါးအား ပြန်လည်တင်ပြလိုက်ပါသည်။
...


ရက်ပိုင်းအတွင်း Windows 8 ကိုဝယ်ယူအသုံးပြုလို့ရမယ့်အခြေ
အနေ ရှိလာပါပြီ။ဒီလိုဆိုရင် ပီဒီလောကအနေနဲ့ သိသာထူးခြား တဲ့ ပြောင်း
လဲမှုတွေ ခံစားခွင့် ရစေဖို့ အဆင်သင့်ပြင်လာကြရတော့မယ်။

Microsoft Windows ဆိုတဲ့ OS တွေကို ဆင့်ကာဆင့်ကာ အ
ဆင့်မြှင့်တင်ပြီး ထုတ်လာခဲ့တယ်။ တချို့ မြှင့်တင် အသုံးပြုသူတွေအတွက်
သိပ်ပြီး ထူးခြား မှုမရှိတတ်သလို၊လူကြိုက်များတဲ့ အနေအထား မရှိခဲ့တာ
တွေလည်းတွေ့ခဲ့ရတယ်။တချို့ကတော့မှတ်ကျောက်တင်လောက်အောင
လူကြိုက်များခဲ့တယ်။ ဥပမာအနေနဲ့ပြောရရင် Windows 95 ထုတ်လုပ်စဉ်
က အုံ့အုံ့သောင်းသောင်းဖြစ်ခဲ့ကြတယ်။အလွန်ကြိုက်နှစ်သက်စွာ အသုံး
ပြုကြတယ်။ Windows XP ဆိုရင် အသုံးပြုသူတိုင်းက စွဲစွဲလန်းလန်း နှစ်
ကြာမြင့်စွာ အသုံးပြုခဲ့ကြတယ်။ Windows 7ထွက်လာစဉ် ကလည်း ချီး
ကျူး ထောပနာပြုကြတယ်။Windows Me ထုတ်လုပ်စဉ်က အသုံးပြုသူတွေ
ကသောင်းကနင်းဖြစ်ရသလို Windows Vista မှာလည်း မနှစ်သက်သူတွေ
အတော်များခဲ့တယ်။


ဒါပေမယ့် မကြာမီ ရက်ပိုင်းအတွင်းအသုံးပြုသူတွေအတွက်ချထား
ပေးတော့မယ့် Windows 8 ကတော့ ပီစီ အသုံးပြုသူတွေကို အသွင်ပြောင်း
သွားစေမယ့် OS အသစ်ဖြစ်လိမ့်မယ်လို့ မျှော်လင့် ခန့်မှန်းပေးထားခဲ့ကြ
တယ်။ ဒီလည်ပတ်စနစ်က ဒက်စ်တော့ပီစီကနေ ဒီနေ့ခေတ်စားနေတဲ့တက်
ဘလက်အထိ ပိုင်ပိုင်နိုင်နိုင် ထိထိရောက်ရောက်အသုံးပြုနိုင်မယ့်အခွင့်အ
လမ်း တွေရှိတယ်။ပီစီလောကသားတွေအမျှော်ကြီးမျှော်နေတဲ့ အနေအထား
ရှိသလို အခြားလည်ပတ်စနစ်တွေကလည်းခြင်္သေ့လည်ပြန် ကြည့်လာစေ
မယ့် အခြေအနေမျိုးတွေဖြစ်တယ်။

တိုးမြှင့် အသုံးပြုသူတွေအနေနဲ့ XPကနေ မြှင့်တင်ဖို့အတွက် 39
ဒေါ်လာ ကျသင့်သလို Windows 7ကနေ မြှင့်တင်လိုသူတွေအတွက် ၁၄
ဒေါ်လာသာကျသင့်ပါလိမ့်မယ်။မြှင့်တင်စရိတ်ကပင် Microsoft ရဲ့အစဉ်
အလာကို ကွာခြားနေစေပါတယ်။ ပီစီပရိတ်သတ်အနေနဲ့လက်ရှိပီစီလည်
ပတ်စနစ် ကနေမြှင့်တင်ပြီး သုံးမလား၊ဒါမှမဟုတ်ပီစီသစ်နဲ့Windows8
ကိုသုံးမလား ဆိုတာကတော့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်
လို့လဲဆိုတော့ Windows 8 ကိုစတင် ရောင်းချတဲ့နေ့မှာပဲ ကွန်ပျူတာအ
ရောင်းဆိုင်တွေမှာ Windows 8 အသင့် ထည့်သွင်းထားပြီး မော်ဒယ်အသစ်
တွေနဲ့ ရောင်းချနိုင်မယ့် ဒက်စ်တော့ပီစီ၊လက်ပ်တော့ပီစီနဲ့ တက်ဘလက်တို့
ကိုလည်းဝယ်ယူခွင့်ရကြမှာဖြစ်တယ်။

ခေတ်စားနေတဲ့ တက်ဘလက် အမျိုးအစား တွေ အတွက် သမားရိုး
ကျတက်ဘလက်ပုံစံနဲ့ တစ်မျိုးhybrid ပုံစံနဲ့တစ်မျိုး Acer/Asus/Dell/Fujitsu/HP /Lenovo/Samsung/ZTE တို့ကို Windows 8 လိုက်
ကာအဖွင့်မှာအသင့် ၀ယ်ယူလို့ရစေဖို့တင်ပို့ထားပြီးဖြစ်တဲ့ အပြင်
Microsoftကိုယ်တိုင်က Surface ကိုရောင်း ချနိုင်ဖို့ အဆင်သင့် ဖြစ်နေပါ
လိမ့်မယ်။

ဒီနေရာမှာလည်း ၀ယ်ယူအသုံးပြုသူတွေအနေနဲ့သမားရိုးကျx86 CPU နဲ့တည်ဆောက်ထားတာကို ရွေးမလား Windows RT Machines
လို့ခေါ်တဲ့ System-on-a-Chip အမျိုးအစားဝင် ARM အခြေပြု Processor
သုံးကိုရွေးမလား ဆိုတာရွေးချယ်ချင်စရာရှိနေပြန်ပါတယ်။SoaC အမျိုးအစား
Qualcomm ရဲ့ Snapdragon S4 နဲ့ Nvidia ရဲ့ Tegra 3 တို့ကိုအသုံးပြု
ရွေးချယ်စရာ ရှိနေတယ်။ဒီမှာလည်း Intel နဲ့ Atom အဖြစ်လည်း Processor ကိုလည်း အသုံးပြုလာတဲ့hybrid tablet PC တွေလည်း ရွေး
နိုင်တယ်။Intel နဲ့ AMD ထုတ် x86 CPU တွေသုံးထားတဲ့ Windows RT
tablets ဆိုရင်တော့ ကြီးမားတဲ့ အကျိုးဆက်တွေကို ခံစားခွင့် ရနိုင်သွားစေ
လိမ့်မယ်။လက်ရှိအသုံးပြုနေတဲ့ Windows Application အားလုံးကို အ
သင့် သုံးနိုင်လို့ ပဲဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ပီစီမှာ 1 GigaHertz(GHz) နဲ့ သူ့ ထက်မြန်
ဆန်တဲ့ Processor ရှိနေရမယ်။ System Memory အနေနဲ့ 32 bits version အတွက် 1GB အနည်းဆုံးရှိသင့်ပြီး 64bits versionအတွက် 2GB
အနည်းဆုံး ရှိနေရမှာဖြစ်တယ်။Hard Disk Space အနေနဲ့ 32 bits အတွက် 16 G လိုအပ်ပြီး 64 bit အတွက် 20GB လိုအပ်တယ်။ ဂရပ်ဖစ် အ
တွက်တော့ Microsoft DirectX 9 အသုံးပြုနိုင်တဲ့ Graphics card ဖြစ်ဖို့
လိုအပ်ပြီး WDDM driver လည်းရှိနေရပါလိမ့်မယ်။

အပိုဆောင်းအနေနဲ့ Multi touch အသုံးပြုနိုင်တဲ့ မော်နီတာ ပါမှာ
ဖြစ်သလို တက်ဘလက်နဲ့ တွဲဖက် အသုံးပြုဖို့လိုအပ်ပါတယ်။ Screen
Resolution ကလည်း 1024/768 ရှိရမယ်။Windows Store ကနေလို
အပ်တဲ့ app တွေ download ချယူနိုင်ဖို့အမြန်နှုန်းကောင်းတဲ့ အင်တာနက်
ဆက်သွယ်မှုထားရှိဖို့ လိုတယ်။Windows 8 ကိုဝယ်ယူတဲ့အခါ Regular/
Pro လို့ခွဲခြားထားရှိတာတွေ့နိုင်သလို 32bit version/64 bit versions
ဆိုပြီး ကွဲပြားတာလည်းတွေ့နိုင်တယ်။ ကြီးမားကျယ်ပြန့်တဲ့ ကုမ္မဏီ အဖွဲ့
အစည်းတွေ အတွက် Volume Licenses နဲ့ ၀ယ်ယူရနိုင်တဲ့ Enterprise
Edition လည်းရှိပါလိမ့်မယ်။

Windows 8 ကိုထည့်သွင်း တဲ့ရယူတဲ့ ရေရာမှာလည်း Upgrade
Install အားCustomer fresh install လားဆိုတာကို ကိုယ်တိုင် ရွေးချယ်
ပြပေးဖို့လိုတယ်။ မထည့်သွင်းမီလုပ်ရိုးလုပ်စဉ်အတိုင်း ဗိုင်းရပ်စ်တို့ Spyware တို့ ကို Scan လုပ် ဖယ်ထုတ်ထားရမယ့် ဆက်လက်ထားရှိလို
တဲ့ data မှန်သမျှ Back Up လုပ်ရမယ်။ နောက်ဆုံးလုပ်ငန်းစဉ် က တော့
Microsoft Account တစ်ခုဖန်တီး ရယူဖို့လိုတယ်။

စသုံးသူတွေအတွက် Windows 8 ရဲ့ User Interface ကို
အကျွမ်းတ၀င်ဖြစ်စေတဲ့အထိလေ့လာဖို့လေ့ကျင့်ရယူဖို့ လိုပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပီစီလောက အတွက် Windows 8က မှတ်တို်င် တစ်ခု
တော့ ဖြစ်သွားစေပါလိမ့်မယ် လို့ ညွှန်းဆိုရင်း အသင့် ပြင်ထားရမယ့်
အခြေအနေ အရပ်ရပ်ကို တင်ပြလိုက်ရပါတယ်။


==============

ွှTSJ Tech Team


==============

No comments:

Post a Comment