Saturday, November 3, 2012

“ အမေကို ရက်ကြီးအခါကြီးမှ ကန်တော့မိကြသလား ”


ရပ်ကွက်ထဲတွေမှာ ကြားကြားနေကြတဲ့စကားသံကတော့ “ ဒီနေ့ သီတင်းကျွတ်ဟေ့ အမေ့ကိုသွားကန်တော့ရအောင် ” ဆိုတဲ့ စကားသံတွေဖြစ်ပါတယ် ။ ကျွန်တော်တစ်ခုစဉ်းစားမိတယ် အခါကြီးရက်ကြီး သီတင်းကျွတ် တန်ဆောင်တိုင် အမေများနေ့ သင်္ကြန် စတဲ့အချိန်တွေမှာ ကျွန်တော်တို့ဟာ အထူးတလည်အမေ့ကို သတိရကြပြီးကန်တော့လေ့ရှိကြသလား ။

အမေ ဆိုတာ . .
...

- နေ့တိုင်းနေ့တိုင်း မနက်မိုးလင်း လို့ ကိုယ့်အသိစိတ်ထဲ လောကကြီးဝင်ရောက်လာပြီဆိုတာနဲ့ ကန်တော့ထိုက်သူဖြစ်တယ်

- ကိုယ့်မှာရှိတာလေးကို ချကျွေးလို့ သားသမီးအတွက် ထမင်းမစားရက်တဲ့အမေ့ကို နေ့တိုင်းကန်တော့နေသင့်တယ်

- ဘ၀မှာ ဘယ်လိုအခက်အခဲတွေကြုံကြုံ အရေးကြီးမှ အမိတ မဖြစ်ရအောင် အရေးမကြီးလည်း မိဘ ကို ဘယ်တော့မှ မကင်းကွာနေရဘူး

- တခါတလေ စော်ကားမော်ကားပြောမိသမျှ လက်ဆယ်ဖျား ထိပ်မှာမိုးလို့ အမြဲရှိခိုးကန်တော့ထိုက်သူဖြစ်တယ်

- ဘုရား နဲ့တစ်ဂိုဏ်းထဲ ရှိနေတဲ့ မိခင်ဆိုတာ လောကမှာ ကိုယ့်အတွက် အမြင့်မြတ်ဆုံးလူသားဖြစ်တဲ့အတွက် ၀စီကံနဲ့တောင်ပြစ်မှားဖို့မဆိုနဲ့ မနောကံနဲ့တောင် မပြစ်မှားသင့်ဘူး

သက်တန့်ချို
ရက်ကြီးအခါကြီးမှ အမေ့ကို သတိရတတ်တဲ့ သားသမီးတွေမဖြစ်မိကြပါစေနဲ့ . . နေ့တိုင်းအချိန်တိုင်း မိဘကို သတိရ လို့ ရိုသေ ဦးခိုက်နေတဲ့သားသမီးများဖြစ်ကြပါစေ ။

No comments:

Post a Comment