Tuesday, November 6, 2012

Samsung Galaxy Note 2 ကို Samsung မှ ထုတ်ဖော်ကြေညာ


အောက်တိုဘာလမှာ ဖြန့်ချိမယ့် Samsung Galaxy Note 2 အနေနဲ့ ဘာတွေ ပါဝင်လာမယ်ဆိုတာတွေကို Samsung မှ တရားဝင်ကြေညာလိုက်ပါပြီ။
အဓိကထူးခြားချက်ကတော့ ယခင် Note ထက် ပိုမို ပါးမယ်၊ ပေါ့မယ်၊ တောက်ပမယ့် ( thinner, lighter, brighter) လို့ဆိုပါတယ်။



Processor

1.6 Ghz quad-core Processor ကိုအသုံးပြုထားပြီး RAM-2GB  ပါဝင်ပါတယ်။

OS

Jelly Bean ကိုအသုံးပြုထားပါတယ်။ Ice Cream ထက် အဆင့်မြင့်တဲ့ Andriod 4.1 နဲ့မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကင်မရာ

12 megapixel ကိုခန့်မှန်းထားပေမယ့် အမှန်တကယ် ထွက်ရှိချိန်မှာ 8 megapixel ပဲ ရှိပါတယ်။ ရှေ့  ဘက်မှာတော့ 1.9 megapixel ကင်မရာ နောက်တစ်လုံး ပါဝင်ပါသေးတယ်။ 8 megapixel ကို ညအမှောင်မှာ ရိုက်ဖို့အတွက် LED flesh ပါဝင်ပါသေးတယ်။ Feature တော်တ်ာများများ Samsung Galaxy S III က ဟာတွေနဲ့ တူတယ်လို့ ဆိုပါတယ်။ ဥပမာ- Best Photo, Best Face, Low- Light Shot စတဲ့ App တွေ ပါဝင်နေခြင်း ဖြစ်ပါတယ်။


Format

MKV file တောင်ဖတ်နိုင်ပါတယ်။ File format တော်တော်များများကို ဖတ်နိုင်ပြီး 1080p အဆင့်ရှိတဲ့ Movie တွေတောင် ကြည်ရှုနိုင်ပါတယ်။

Connectivity

Bluetooth 4.0 သုံးပြီး USB ကတော့ ၂.၀ ပဲရှိပါတယ်။ Wi-Fi ပါဝင်ပါတယ်။ 4G LTE Chip ပါဝင်ပေမယ့် နေရာဒေသအလျောက် အသုံးပြုလို့ ရမရကတော့ မသေချာပါဘူး။

Storage နှင့်အရောင်

တိုက်တေနီယမ် နဲ့ အဖြူရောင် နှစ်မျိုးပဲ ထွက်ရှိအုံးမှာဖြစ်ပါတယ်။ Built in မှာ 16 GB, 32 GB, 64 GB ရွေးချယ်စရာရှိပါတယ်။ Micro SD ကဒ်နဲ့ 64 GB  အထိတောင် ထပ်မံတိုးမြင့်နိုင်ပါသေးတယ်။

S Pen

Note အသုံးပြုပြီဆိုရင် Pen ကတော့ မရှိမဖြစ်ပါပဲ။ Quick Command လုပ်ဆောင်နိုင်ပြီ ဖြစ်ပြီး အရင် Pen ထက် ထူပြီး ရှည်လာပါတယ်။ Air View ဆိုတာ ပါဝင်လာပြီး အီးမေးလ်၊ နဲ့ အခြား Application တွေကို ဖယ်ပြီး Content တွေကို အလွယ်တကူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အတိုင်းအတာ နှင့် အလေးချိန်

80.5 x 151.1 x 9.4mm အတိုင်းအတာရှိပြီး ၁၈၀ ဂရမ် အလေးချိန်ရှိပါတယ်။ မျက်နှာပြင်အကျယ်ကတော့ ၅.၅ လက်မရှိပါတယ်

ဘက်ထရီ
Li-ion ဘက်ထရီကို အသုံးပြုထားပြီး 3100mAh အားရှိပါတယ်။ သာမန်ဖုန်းတစ်လုံးတောင် 2000 mAh ပဲရှိတာ Power ကိုစိတ်တိုင်းကျအသုံးပြုရမှာ ဖြစ်ပါတယ်။

ဈေးနှုန်း
ဈေးနှုန်းကိုတော့ တရားဝင်မကြေညာရသေးပါဘူး။ အများစုခန့်မှန်းထားတဲ့ ဈေးကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ်။
    Galaxy Note 2 16GB – $199
    Galaxy Note 2 32GB – $299
Galaxy Note 2 64GB – $399

နောက်ထပ် ဒေါ်လာ ၅၀ ပိုလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
---------

No comments:

Post a Comment