Tuesday, December 18, 2012

{♥}{♥}{♥} အနန္တကျေးဇူးရှင် မေမေ {♥}{♥}{♥}


(၉)လလွယ်(၁၀)လဖွား သေမင်းနဲ့စစ်ခင်းပြီး
သားသမီးကို မွေးဖွားပေးခဲ့တဲ့ မေမေ . . .

ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်ကစ
လူတလုံး သူတလုံးဖြစ်ချိန်ထိ ကျွေးမွေး ပြုစု
ယုယကာ စောင့်ရှောက်လာခဲ့တဲ့ မေမေ . . .

ချော့တစ်ခါ ခြောက်တစ်လှည့် လမ်းမှားမရောက်အောင်
ပညာတွေသင် လူရာတွေဝင်အောင် ဆုံးမခဲ့တဲ့ မေမေ . . .

သားသမီးတွေ ဘယ်လောက်အသက်ကြီးကြီး
ကလေးတစ်ယောက်လို စိတ်မှာထင် စိုးရိမ်တက်တဲ့ မေမေ . . .

ချမ်းမြေ့သာယာ ဘ၀ခရီးမှာ
သားသမီးတွေကို အောင်မြင်စေချင်တာ မေမေ . . .

မေမေမေတ္တာ . . .
မေမေကျေးဇူး . . .
ဆပ်မကုန်အောင် ကြီးမား စာစီလို့ကဗျာဖွဲ့လည်း
ညွှန်းဖွဲ့လို့မမှီနိုင်ပါ အနန္တကျေးဇူးရှင် မေမေ . . .

မြ၀ဏိုးစံ(စာပေဥယျာဉ်)

No comments:

Post a Comment