Saturday, December 1, 2012

မျက်နှာအရည်အပြားကျန်းမာရေးကို ထိန်းသိမ်းပေးမယ့် မိုဘိုင်းပစ္စည်း Fujitsu က ထုတ်လုပ်


အမျိုးသမီးများအတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်း ဖြစ် ပါတယ်။ Hada Memori လို့အမည်ပေးထားပါတယ်။

ကွန်ပျူတာ ပရိုဂရမ် သွင်းထားတဲ့ သတ္တုအလွှာငယ်လေးဖြစ်
ပြီး မျက်နှာ အရည်အပြားကို ထိန်းသိမ်းရန် အသုံးပြုရမှာ ဖြစ်ပါတယ်။ အသုံးပြုပုံက ဒီလို ဖြစ်ပါတယ်။

ယင်းသတ္တုကပ်ကလေးမှာ ၀.၆ လက်မ အပေါက်ငယ်လေး ပါရှိပါတယ်။ မျက်နှာပြင်/ ပါးမှာ ကပ်ထားပြီး ဖုန်းကင်မရာနဲ့ ရိုက်ကူးရိုက်ကူး ရပါမယ်။ ပြီးတော့ အသေးစိတ် သတင်းအချက်အလက် များကို မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ မျက်နှာမှာ ဘယ်လို ပြောင်းလဲမှုတွေ့ ရှိသွားတယ်။ ယခင် ရိုက်ကူးတုန်းက ဘယ်လို အခြေအနေရှိပြီး အိုမင်းရင့်ရော်မှု ဘယ်လောက် ရှိသွားတယ်။ အရောင် ဘယ်လိုပြောင်းလဲသွားပါတယ်။ ပိန်လာ တယ်၊ ဖောင်းလာတယ် အစရှိသဖြင့်တို့ကို တွက်ချက် ပေးမှာ ဖြစ်ပါတယ်။

ပြီးရင် ရလဒ်ကို ပြသပေးပြီး ဘယ်လို အရည်အပြားထိန်းသိမ်းပေးတဲ့ အလှကုန်ပစ္စည်းများ အသုံးပြုသင့်တယ်ဆိုတာကို လမ်းညွှန်ပေး မှာ ဖြစ် ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂျပန် အလှကုန် ပစ္စည်းများအား ပရိုမိုးရှင်း လုပ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Hada Memori ဟာ ဂျပန် Fujitsu တင်မက ပဲ အခြားသော အလှကုန်ပစ္စည်းကုမ္မဏီများနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ အလှအပ ကြိုက်တဲ့ အမျိုးသမီးများအတွက် ရည်ရါယ်ပြီး ထုတ်လုပ်ထားတဲ့ သဘော ဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပြီး ဂျပန်မှာ မကြာမီ ဖြန့် ချိတော့မယ့် ပစ္စည်း ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: zurmat

No comments:

Post a Comment