Tuesday, December 18, 2012

ကိုးရိုးကားရား iPhone ကာဗာ


iPhone သုံးသူများအတွက် ရည်ရွယ်တဲ့ ကာဗာ ဖြစ်ပါတယ်။ ကိုယ် အမြင်ကတ်တဲ့ သူတွေကို ပေးဖို့ လုပ်ထားပုံ ရပါတယ်။

ကင်မရာကို ကာဗာက ပိတ်နေပါတယ်။ ကြီးနေတော့ အိတ်ကပ်ထဲ ထည့်လို့ လည်း အဆင်မပြေပါဘူး။ လွယ်အိတ်ထဲ ထည့်တော့လည်း ပင်
လယ် ပုဇွန် တစ်ကောင်ထည့်ရတဲ့ အလား ဖြစ်ပါတယ်။ သို့ပေမယ့် ပြောင် ချင်၊ နောက် ချင်သူ တို့အတွက်ကတော့ ဘာပဲ ပြောပြော စတိုင်ကျမယ့် ကာဗာ ဖြစ်တယ် လို့ ဆိုပါတယ်။

ပင်လယ်ပုဇွန်နီ လို လုပ်ထား ယင်းကာဗာကို red Lobster Mobile Telephone Case လို့ အမည်ပေးထားပါတယ်။ မဲလ်ဘုန်းမြို့  နေ ဒီဇိုင်နာ Noddy Boffin က ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
---
Ref: pocketlint.
Aung Kham (TSJ team)

No comments:

Post a Comment